---Summary---
MCက ရည်းစားစာပေးတာကို လူမှားပြီးတော့ ပေးမိပါတယ်။ သူကြိုက်တဲ့ကောင်မလေး မဟုတ်တဲ့ ကျောင်းမှာ ဇိုးလို နာမည်ကြီးတဲ့ ကောင်မလေးဆီကို ရောက်သွားတာပါ။ ဒါပေမယ့် အဲ့ဇိုးမလေးက တွဲမယ်ဆိုပြီး အဖြေပြန်ပေးပါတယ်။
အမှန်အတိုင်းပြောလိုက်ရင် အလုပ်ခံရမှာကို ကြောက်တဲ့ MC က ဘာမှမပြောပဲနဲ့ ဒီအတိုင်းဆက်တွဲလိုက်ပါတယ်။ တွဲပြီးတဲ့နောက်မှာ အဲ့ကောင်မလေးက တကယ်အဲ့လောက်မဆိုးပဲနဲ့ ချစ်စရာကောင်းတာကို သိလိုက်ရတဲ့ MC က ဘာဆက်လုပ်ပြီးတော့ ဘယ်သူ့ကိုရွေးမလဲ ဆိုတာကို ဖတ်ရမှာပါ။